ဇီးကုန်းမြို့နယ်ရှိ စက်ရုံအလုပ်ရုံမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Does)ထိုးနှံပေး

ဇီးကုန်း    ဖေဖော်ဝါရီ     ၁၉

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် လယ်မကျေးရွာရှိ “တင်ဟော့”ဇာထိုးပန်းထိုးအလုပ်ရုံမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Does)ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီက အဆိုပါအလုပ်ရုံသို့ ကွင်းဆင်းထိုးနှံပေးခဲ့သည်။

အဆိုပါအလုပ်ရုံရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ (၂၉၀)ဦးအား မြို့နယ် ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (COVISHIELD)ကို ကျန်းမာ ရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်း (Booster Does) ထိုးနှံပေးလျက်ရှိရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီဝင်များက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)