မြင်းမူ ဖေဖေါ်ဝါရီ ၁၉
စားသုံးသူရေးရာအကြောင်း သိကောင်းစရာ Talk Show အသိပညာပေး Online Talking ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ပြည်သူ့ စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် ပြန်/ဆက် ရုံး၊ ဒုတိယဦးစီးမှူးက စားသုံးသူရေးရာ ဦးစီးဌာန၏ စားသုံးသူများနှင့် ထုတ်ကုန်လုပ်ငန်း လုပ်ကိုင်သူများအတွက် သိရှိလိုက်နာဆောင်ရွက်ရန် အချက်များအား ပြည်သူများ အသိပညာရရှိရေးအတွက် ပြောကြားပေးပါရန် ဖိတ်ကြားသည်။ ယင်းနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက စားသုံးသူအခွင့်အရေး အပြည့်အဝရရှိရန်၊ စားသုံးသူရေးရာ ကိစ္စများနှင့်စပ်လျင်း၍ အသိပညာပေး
လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်နှင့် တိကျမှန်ကန် ရှင်းလင်းသည့် သတင်းအချက်အလက်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ရန်ရည်ရွယ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်ကုန်များနှင့် ပတ်သက်၍ ကုန်အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးရက်စွဲ ထုတ်လုပ်သည့်နေရာ လိပ်စာအပြည့်အစုံနှင့် ပြည်ပမှတင်သွင်းပြီး ပြန်လည်ဖြန့်ချီ ထုတ်ပိုးသည့်နေရာ စသဖြင့် စီစစ်ပြီးမှသာ စားသုံးသူများထံ ဖြန့်ချီရေး စစ်ဆေးကြပ်မတ်လျက် ရှိမှုနှင့် စားသုံးသူများအနေဖြင့်လည်း မိမိဝယ်ယူစားသုံးသည့် ကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေး ဝယ်ယူရန် လိုအပ်မှုများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးဖတ်ကြားခဲ့သည်။ မြင်းမူမြို့နယ် ပြန်/ဆက်ဦးစီးဌာနအနေဖြင့် ပြည်သူအသိပညာပေး လုပ်ငန်းအဖြစ် စာဖတ်ဝိုင်းများ၊ စာအုပ်ပြပွဲများနှင့် Talk Show များ စဉ်ဆက်မပြတ် ပြုလုပ်ပေးလျက်ရှိသည်။
အောင်စိုးဖေ