လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

လိပ်သို ဖေဖော်ဝါရီ ၁၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက စာအုပ်စာပေ ချစ်မြတ်နိုးသူများ တိုးပွားလာစေရန်၊ အတွေးအခေါ် အသိအမြင်များ အချင်းချင်းဖလှယ်တတ်စေရန်၊ စာပေမှရရှိသော အသိအမြင်များ ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲ (၁)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး နော်နီလာအေးက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခြင်းဖြင့် စာဖတ်သည့် အလေ့အထ ရရှိစေခြင်း၊ အသိပညာဗဟုသုတများ ပိုမိုတိုးပွားလာစေခြင်း၊ စာပေမှရရှိသော ဗဟုသုတများကို လူမှုပတ်ဝန်းကျင်တွင် အသုံးချတတ်လာခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ခြင်း စသည့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော စာအုပ်စာစောင် ချစ်မြတ်နိုးသူများက စာရေးဆရာ မောင်မင်းစိုး ရေးသားသော “လူငယ်နဲ့ လူမှုရေး” စာအုပ်တွင် ပါရှိသော အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်နီလာအေး