ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး ဖေဖော်ဝါရီ ၁၉

နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီး ပြည်နယ် ခရိုင် မြို့နယ် မြို့ ကျေးရွာအုပ်စု ကျေးရွာများရှိ တိုင်းရင်းသား မိဘပြည်သူများ အား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် အလေးထားထိုးနှံပေးလျက်ရှိရာ မိဘပြည်သူများမှလည်း ဒေသ အလိုက် သတ်မှတ်ထားသည့် ကာကွယ်ဆေးထိုးနှံရာစုရပ်ဌာနများသို့ သွားရောက်ပြီး အကြိမ်ရေပြည့် ထိုးနှံလျက်ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် အမှတ်(၅)ရပ်ကွက် ဇမိခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးသူနာပြု ဆရာ/ဆရာမများမှ ကာကွယ်ဆေး အကြိမ်ရေပြည့် ထိုးနှံရန်ကျန်ရှိသည့် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ ဦးစီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများအား စနစ်တကျထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

၎င်းကာကွယ်ဆေးများကို ကာကွယ်ဆေးအကြိမ်ရေပြည့် ထိုးနှံရန် ကျန်ရှိသည့် တိုင်းရင်းသားမိဘပြည်သူများအား ကာကွယ်ဆေး ထပ်မံရရှိလာမှုအပေါ် မူတည်၍ ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးမင်းဦး