ပိုင်ကျုံ ဖေဖော်ဝါရီ ၁၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်း နံရံကပ်ပြဘုတ်တွင် ယနေ့နံနက်ပိုင်း (၈)နာရီမှစတင်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား ပြသဆောင်ရွက်ရာ ကျောင်းသား/ သူများနှင့် အများပြည်သူများ လာရောက်လေ့လာ ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ နံရံကပ်ပြဘုတ်တွင် ကလေးသူငယ်၏ အသက်အပိုင်းအခြားကန့်သတ်မှု၊ ကလေးသူငယ်များ၏ လူမှုရေးဆိုင်ရာ အရည်အချင်းနှင့် ပြဿနာဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများ၊ ကလေးသူငယ်ဘဝမှ ကလေးအလုပ်သမားအဖြစ် ပြောင်းလဲခြင်း ခံရသည့် အချက်များ၊ ကလေးအလုပ်သမား ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြသည့် နိုင်ငံတကာလမ်းစဉ်များအား ပြည့်စုံစွာ ထည့်သွင်းပြသထားရှိကြောင်းနှင့် ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် အပြစ်ကင်းသည့် ကလေးငယ်များဘဝမှ ကလေးအလုပ်သမားများအဖြစ်သို့ အဓမ္မခိုင်းစေခံရခြင်း မရှိစေရေးနှင့် ကလေးအလုပ်သမားများ ပပျောက်စေရေးတို့ကို ရည်ရွယ်၍ ၎င်းနံရံကပ်ဘုတ်အား ပြသဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး