ဘုရားသုံးဆူမြို့၊ မြို့ပေါ်ရပ်ကွက်(၄)ခု၌ ထိုင်းနိုင်ငံမှနေရပ်ပြန်အလုပ်သမားများအား COVID-19 ကျန်းမာရေး စစ်ဆေးခြင်းဆောင်ရွက်

ဘုရားသုံးဆူ မတ် ၃၁

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့ပေါ်ရပ်ကွက်(၄)ခုရှိ ထိုင်းနိုင်ငံမှပြန်လာသော  နေရပ်ပြန်အလုပ်သမားများအား ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများမှ  အိမ်တိုင်ရာ ရောက် ကျန်းမာရေး စစ်ဆေးခြင်း၊ အပူချိန်တိုင်းကရိယာဖြင့် စမ်းသပ်စစ်ဆေးခြင်း ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခြင်းနှင့် COVID-19 နှင့် ပတ်သက်သည့် အသိပညာပေးဆိုင်းဘုတ်များအား ရပ်ကွက် အတွင်းရှိ လမ်းဆုံနေရာများ၌ စိုက်ထူ ဆောင်ရွက်ခဲ့သည်။

အဆိုပါ နေရပ်ပြန်အလုပ်သမားများအား ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများကို ကျေးလက်ကျန်းမာရေး ဌာန၀န်ထမ်းများက နေ့စဉ်စစ်ဆေးဆောင်ရွက်လျက်ရှိပြီး ဘုရားသုံးဆူမြို့၊ မြို့အုပ်ချုပ်ရေးမှူး၏ လမ်းညွှန်ချက်နှင့်အညီ နေအိမ်တွင်နေထိုင်စေရေးနှင့် အပြင်ထွက်မှုမရှိစေရေး ရပ်ကွက်အုပ်ချုပ်ရေးများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စောရဲ၀င်းထွဋ် (ပြန်/ဆက်)