ရှမ်းရွာသစ်မြို့တွင်ကာကွယ်ဆေးထိုးရန်ကျန်ရှိသောဒေသနေပြည်သူများအား COVID SHIELD ကွင်းဆင်း၍ ထိုးနှံပေး

ရှမ်းရွာသစ်  ဖေဖော်ဝါရီ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်စေရန်နှင့် ရောဂါပိုးကူးစက်ပြန့်ပွားမှုကို  လျှော့နည်းစေရန် ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိသည်။

ရှမ်းရွာသစ်မြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက်ဒေသနေပြည်သူများ၊ အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများနှင့်ပရဟိတအဖွဲ့ဝင်များကို ဦးစားပေး အစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ထိုးရန်ကျန်ရှိနေသေးသော ရပ်ဝေး ရွာဝေးမှ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းတွင်ရှမ်းရွာသစ် မြို့အ.မ.ကကွမ်းတောကျောင်း၌ စတင်၍ ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာတွင် ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေး ဦးစီးဌာနမှ သားဖွား ဆရာမဒေါ်နန်းစုစုအောင်ဦးဆောင်ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများတို့က   ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊ သွေးတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ပြီးရှမ်းရွာသစ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင် ရာဝန်ထမ်းများကကာကွယ်ဆေးထိုးနှံရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ကျေးရွာများ အား ဆက်လက်ထိုးနှံပေးသွားမည်ဖြစ် ကြောင်းသိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)