ပိုင်ကျုံ ဖေဖော်ဝါရီ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ပိုင်ကျုံမြို့ မြို့ပေါ်၊ ရပ်ကွက်နှင့် ကျေးရွာများ၌ ကရင်/ မြန်မာနှစ်ဘာသာဖြင့် စဉ်ဆက် မပြတ် နှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပေးနှိုးဆော်ရာ၌ ပြည်သူများအနေဖြင့် မျိုးဗီဇပြောင်းအိုမီခရွန် ကိုဗစ်-၁၉ ရောဂါ သည် မိမိတို့နိုင်ငံတွင်အဖြစ်နည်းသေးသော်လည်း အခြားသော နိုင်ငံများတွင် စတင်ဖြစ်ပေါ်လျက်ရှိပြီး ကူးစက်မှု အလွန်မြန်ဆန်သောကြောင့် မိမိတို့ကျေးရွာအတွင်း မဖြစ်ပွားမီ ကြိုတင် ကာကွယ်နိုင်ရန်အတွက် ပြည်သူ များအနေဖြင့် ကာကွယ်ရေး လုပ်ငန်များဖြစ်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား အကြိမ်အပြည့်အဝ ထိုးနှံထားကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ အပြင်ထွက်တိုင်းပါးစပ်နှင့် နှာခေါင်း စည်း (Mask) တပ်ဆင်ခြင်း၊ ချောင်းဆိုး/နှာချေလျှင် တစ်ရှူး (သို့မဟုတ်) တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အပြင်မှ ပြန်လာတိုင်း လက်ကိုဆပ်ပြာဖြင့် စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောခြင်းများဖြင့် ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု လျော့နည်းကျဆင်းရေး အတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင် တိုက်ထုတ်ကြရန် အသိပေး၊ သတိပေးခြင်းများ ကို လှည့်လည် အသိပေးနှိုးဆော်ခဲ့ပြီး အခြားနေ့ရက်များတွင်လည်း ရပ်ကွက်/ကျေးရွာများသို့ ဆက်လက် နှိုးဆော်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး