လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းဝန်ထမ်းများအား ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိ

လှိုင်းဘွဲ     ဖေဖော်ဝါရီ    ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစားများကို ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် ပင်စင်စားအငြိမ်းစား ဝန်ထမ်းများအနေဖြင့် ပင်စင်လစာများ ထုတ်ယူရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်အတွက် ပင်စင်လစားများကို တစ်ရက်တည်းသာ ထုတ်ပေးခြင်းမဟုတ်ဘဲ လစဉ်(၂၁)ရက်နေ့နောက်ပိုင်း ရုံးဖွင့်သည့်ရက်များတွင် ထုတ်ပေးသွားမည် ဖြစ် ကြောင်း၊ လှိုင်းဘွဲမြို့နယ်တွင် ပင်စင်စားအငြိမ်းစား ဝန်ထမ်းဦးရေ (၈၀၀) ကျော်ရှိပြီး အငြိမ်းစား ဝန်ထမ်းအနေဖြင့် ပင်စင်လစာများ လာရောက်ထုတ်ယူရာ တွင် လူစုလူဝေး မဖြစ်ပေါ်စေခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်းစသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ရှိစေရေးအတွက် မြန်မာ့ စီးပွား ရေး ဘဏ်ဝန်ထမ်းများက ကြီးကြပ်၍ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)