ရန်ကုန် ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ မသန်စွမ်းသူများဆိုင်ရာ အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန် မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဆွေးနွေးပွဲတွင် မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး သိကောင်းစရာများနှင့်ပတ်သက်၍ ဆွေးနွေး ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်နှင့် ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်ခင်နှင်းကြည်၊ အင်းစိန်မြို့နယ် မသန်းစွမ်းသူများဆိုင်ရာ ဥက္ကဌ ဦးဝင်းသန်းအောင်တို့က မသန်စွမ်း ဥပဒေ၊ မသန်စွမ်း အမျိုးအစား၊ မြို့နယ်အတွင်းတွင် မသန်စွမ်းဦးရေနှင့် မသန်စွမ်းသူများနှင့်ပတ်သက်ပြီး ဆောင်ရွက် နေသည့် လုပ်ငန်းများ၊ အကြံပြုချက်များ စသည့် မသန်စွမ်းသူများဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးခဲ့ကြသည်။
အဆိုပါ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း အသိပညာပေးလုပ်ငန်းများ ကိုလည်း Online မှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။
ဇွဲထက်ကို