ဘားအံမြို့နယ်တွင် ၂၀၂၁-၂၀၂၂ခုနှစ်၊ အောင်မြင်ဖြစ်ထွန်းနေသော ဆောင်းသီးနှံမြေပဲ စံပြစိုက်ခင်း (၁၅.၀၀)ဧက စံကွက်ရိတ်သိမ်း

ဘားအံ  ဖေဖော်ဝါရီ  ၂၃

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီး ဌာနတို့ ပူးပေါင်း၍ ၂၀၂၁-၂၀၂၂ခုနှစ်၊ အောင်မြင်ဖြစ်ထွန်းနေ သော ဆောင်းသီးနှံမြေပဲ စံပြစိုက်ခင်း (၁၅:၀၀)ဧကကို  ကော့လှိုက်ကျေးရွာမှ တောင်သူ ဦးမဲဘူးအပါ(၈)ဦး စိုက်ပျိုးထားသော ဆောင်း သီးနှံမြေပဲ စိုက်ခင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက စံကွက်ရိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံအရည်အသွေး တိုးတက်ရေးအတွက် ကွင်းအမှတ် ၁၂၀၈၊ ဝါးဆူးကွင်းတွင် စိုက်ပျိုး ထားသော ဂျပန်လေးမျိုး မြေပဲစိုက်ခင်း (၁၅:၀၀)ဧက အား ကောင်း/သင့်/ညံ့ များခွဲ၍ စံကွက်ရိတ်သိမ်းခဲ့ရာ ပျမ်းမျှအထွက် နှုန်းမှာ (၉၅.၅၄)တင်း ထွက်ရှိပြီး စံကွက်ရိတ်သိမ်းသည့်နေရာသို့ ဘားအံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆဲင်ဇခုပ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးကျော်ကျော်နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)