မြဝတီ ဖေဖော်ဝါရီ ၂၄
ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့၊ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်မှ အဖွင့်အမှာစကား ပြောကြားပြီး မြဝတီခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ကိုယ်ဝန်ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသီဟနိုင်က ကိုယ်ဝန် ဆောင်မိခင်များနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေး ငယ်များအား ထောက်ပံ့ငွေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူးဦးစိုးတင့်ထံသို့ လွှဲပြောင်း ပေးအပ်သည်။
မြဝတီမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် ၃၂၃ ဦးနှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ် (၄၅၈၇) ဦးအတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ) စုစုပေါင်း (၃)လစာအတွက် စုစုပေါင်း ထောက်ပံ့ကြေးငွေကျပ် ၂၁၇၂၃၀၀၀၀၀ ကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်နှင့်အဖွဲ့ဝင်များက သက်ဆိုင်ရာကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ထပ်မံလွှဲပြောင်းပေးသည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က ကိုယ်ဝန်ဆောင် မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ ထောက်ပံ့ရာတွင် မကျန်ရှိစေရေး၊ အိမ်တိုင်ရာရောက်ထောက်ပံ့ရေးနှင့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ထောက်ပံ့ငွေများကို စနစ်တကျထောက်ပံ့ ပေးရန်တို့ကို သက်ဆိုင်ရာရပ်ကွက် / ကျေးရွာအုပ်ချုပ်ရေးမှူးများကို မှာကြားကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)