ကျိုက်ဒုံ ဖေဖော်ဝါရီ ၂၄
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် မြို့ပြအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပ စေရေး၊မိုးရာသီကာလ၌ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် လမ်းဘေးဝဲယာ ရေမြောင်းများတူးဖော်ခြင်းကို ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၁-၂၀၂၂)ခုနှစ်၊ အောက်တိုဘာလမှ မတ်လအထိ၊ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ (၈၂.၂၀၀)ကျပ်သန်းဖြင့် အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေး အုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ အမှတ်(၁)ရပ်ကွက်၊ ဘုရင့်နောင်လမ်းဘေးအုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင်ရေမြောင်း ပေအရှည်(၂၉၅၀)ပေ၊အကျယ် (၂ပေ ၆လက်မ)၊အမြင့် (၂ပေ ၆လက်မ)၊ ရေမြောင်းအဖုံ (၃)လက်မထုရှိပြီး ကျိုက်ဒုံမြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအငယ်တန်း အင်ဂျင်နီယာ-(၂)ဦးဟန်ဝင်းချိုမှ ကြီးကြပ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)ပြန်/ဆက်