မိုဘိုင်းဖုန်းဖြင့် သတင်းဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း အချိန်ပိုင်းဖြင့် ဖွင့်လှစ်သင်ကြား

ဘားအံ   ဖေဖော်ဝါရီ   ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre)တွင် ယနေ့ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ မိုဘိုင်းဖုန်းဖြင့် သတင်း ဗွီဒီယို ရိုက်ကူးတည်းဖြတ်ခြင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။

Android အမျိုးအစားမိုဘိုင်းဖုန်းကိုအသုံးပြု၍Kinemester application software ဖြင့် ဓာတ်ပုံနှင့် ဗွီဒီယိုဖိုင်များကို တည်းဖြတ်နည်း၊ နောက်ခံအသံထည့်ခြင်း၊ တေးသီချင်းများ ထည့် ခြင်း၊ စာများ ထည့်သွင်းခြင်း၊ သတင်းတည်းဖြတ်ခြင်း၊ သတင်းပေးပို့ခြင်း စသည့်နည်းပညာများ၊   မိုဘိုင်းဖုန်းဖြင့် မိမိတို့၏ဓာတ်ပုံ၊ဗွီဒီယိုဖိုင်များကို ဗွီဒီယိုပုံစံများ ဖန်တီး ခြင်း၊ မိမိတို့၏မိသားစုဝင်များ၌ မွေးနေ့ပွဲ၊ အလှူပွဲနှင့်ပျော်ရွှင်ဖွယ်ရာခရီးသွားခြင်း အမှတ်တရမှတ်တမ်းများကို ရိုက်ကူးနည်း၊ တည်းဖြတ်နည်း စသည့်နည်းပညာများကို ဘားအံခရိုင်ရုံးမှ ဒုတိယဦးစီးမှူး ဦးစောအယ်လင်းမှ လက်တွေ့ပို့ချသင်ကြားပေးခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဘားအံခရိုင်အတွင်းရှိ သတင်းလုပ်ငန်း ဆောင်ရွက်နေသည့် ဝန်ထမ်းများက လက်တွေ့ လေ့လာသင်ယူခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)