ချောက် ဖေဖော်ဝါရီ ၂၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဇော်ဝင်း စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ယမန့်နေ့ ညနေပိုင်းတွင် ချောက်မြို့ပေါ်ရပ်ကွက်များ၌ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ယခုအခါ ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက်၂၀၁၅ ခုနှစ်၊ မီးသတ်တပ်ဖွဲ့ ဥပဒေ အခန်း(၈) ပုဒ်မ(၁၆)အရ မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက် အချက် (၁၄) ချက်ကိုပြည်သူများ သိရှိလိုက်နာနိုင်စေရန်၊ သဘာဝဘေးအန္တရာယ် နှင့် မီးလောင်မှုဖြစ်ပေါ်ပါက ချောက်မြို့နယ် မီးသတ်တပ်ဖွဲ့အသီးသီးသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားရမည့် ဖုန်းနံပတ်များကိုလည်း အများပြည်သူများသိရှိရန် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်များဖြင့် အသိပညာပေးလှည့်လည် နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)