အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၁၆၀၅၁၃)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ (၁၂၉၈၅၁)ဦးနှင့် Booster Dose ထိုးနှံပြီးသူ (၁၉၃၅) ဦးရှိပြီဖြစ်

ရန်ကုန်  ဖေဖော်ဝါရီ  ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် နိုင်စေရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ အသက်(၆၅) နှစ်အထက်ရှိ သက်ကြီးဘိုးဘွားများ၊ စက်ရုံ / အလုပ်ရုံနှင့် ကုမ္ပဏီဝန်ထမ်းများ၊ Volunteer များ၊ နိုင်ငံ့ဝန်ထမ်းများ / ဝန်ထမ်း မိသားစုဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား အင်းစိန် မြို့နယ်၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် သက်မှတ်ထားသော နေရာများတွင်  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိပြီး ဖေဖော်ဝါရီလ (၂၃) ရက်နေ့အထိ ပထမအကြိမ် ထိုးနှံပြီးသူ (၁၆၀၅၁၃) ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးသူ (၁၂၉၈၅၁) ဦးနှင့် Booster Dose ထိုးနှံပြီးသူ (၁၉၃၅) ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ထိုးနှံပေးရာတွင် သတ်မှတ်ထားသောနေရာများတွင် အင်းစိန်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အနီးကပ် ကြီးကြပ်စောင့်ရှောက်ပြီး  ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး(စီမံ/ဘဏ္ဍာ) ဒေါက်တာ မိုးမိုးမြင့် နှင့် အခြေခံကျန်းမာရေး ကျွမ်းကျင်ပညာရှင်များက အဖွဲ့များခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များ နှင့်အညီ လာရောက်ထိုးနှံသည့် ပြည်သူမျာအား ထိုးနှံပေးလျက်ရှိသည်။

အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကြက်ခြေနီအသင်း(အင်းစိန်)၊ ပရဟိတ အသင်း / အဖွဲ့များနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)