ပေါက်ခေါင်း ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့မှ ဦးဆောင်၍ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အပြင် ထွက်တိုင်း နှာခေါင်းစည်း (Mask) များတပ်ဆင် သွားလာစေရန်နှင့် Mask Campaign ကို ယနေ့ နံနက်ပိုင်းက ပေါက်ခေါင်းမြို့မဈေးနှင့် လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ စျေးသွားစျေးလာပြည်သူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ ပေးပြီး၊ နေအိမ်အပြင်ထွက်သည့်အခါတိုင်း ပါးစပ်နှာခေါင်းစည်းမဖြစ်မနေ တပ်ဆင်သွားလာကြပါရန်နှင့် ပြည်သူများ အနေဖြင့် ယခုဖြစ်ပွား နေသည့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း ပိုးအိုမီခရွန် (Omicron) ရောဂါပိုး ကူးစက်ပျံ့နှံ့မှု များပြား လာခြင်းတို့ကြောင့် သတိပြုနေထိုင်သွားလာကြပါရန် အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)