ကော့မှူး ဖေဖော်ဝါရီ ၂၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်း သွားလာကြသော ပြည်သူများအနေဖြင့် နေအိမ်ပြင်သို့ ထွက်ခွာ သွားလာပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာခြင်းရှိမရှိ စစ်ဆေးခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ငွေဆောင်စေကာ နှာခေါင်းစည်း Mask များဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၉ နာရီက တောင်ပိုင်း ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရှေ့တွင်စစ်ဆေး ဆောင်ရွက်နေကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများက မြို့နယ်အများတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများရှိနေပါသဖြင့်မြို့နယ် အတွင်း ဖြတ်သန်းသွားလာကြသောကားများ၊ ဆိုင်ကယ်များ၊ စက်ဘီးများ၊ ဆိုက်ကားများနှင့် လမ်းသွားလမ်းလာများအား နှာခေါင်းစည်း Mask တပ်ဆင်၍ သွားလာကြရန် အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေပြီး နှာခေါင်းစည်း Mask မတပ် ဆင်၍ သွားသူများအား ဒဏ်ငွေဆောင်စေကာ နှာခေါင်းစည်း Mask များဖြန့်ဝေပေးပြီး အသိပညာပေးမှုများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ကျော်သူရ