သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၂၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအားဒုတိယ အကြိမ် (Covid Shield)ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်အထိ သင်္ဃန်းကျွန်းမြို့နယ်၊ကျိုက္ကစံဘုရားဝန်းအတွင်း ရှိဓမ္မဗိမာန် ဓမ္မာရုံနှင့် သုဝဏ္ဏ (၂၉) ရပ်ကွက်ရှိ ဓမ္မာရုံတို့တွင် (၁၉၅)ဉီးတို့အားကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးနှံဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်- ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန် မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်အတွင်း၌ ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာဦးစားပေးအလိုက်ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ အသက်(၁၈)နှစ်နှင့် အထက်ကိုဗစ်ကာ ကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသူများအား ဒုတိယ အကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး(Covid Shield)ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။ အဆိုပါဆေးထိုးနှံရာသို့ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ အဖွဲ့များ၊မြို့နယ် ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းများ၊မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံး ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးမျာ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့များ ပူးပေါင်း၍ကာကွယ် ဆေး ထိုးနှံရန်လာရောက် ကြသူများကို အဆင်ပြေ ချောမွေ့စွာဆေး ထိုးနှံနိုင် ရန်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင်ကိုဗစ်-၁၉ရောဂါကကွယ် ဆေးထိုးနှံရာသို့ လာရောက်ထိုးနှံကြသူပြည်သူများအား မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များကအောက်စီဂျင် တိုင်းတာခြင်း၊ ကိုယ် အပူချိန် တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပြီးကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ၊ မြို့နယ်ကျန်းမာ ရေးဝန်ထမ်းများက စနစ်တကျ ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိ သည်။
စန္ဒာမိုး