ရှမ်းရွာသစ်မြိုအမှတ်(၂)ရပ်ကွက်၊ ခေတ်သစ္စာလမ်းအရှေ့ပိုင်း(Box-Culvert) ပြုလုပ်ခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်   ဖေဖော်ဝါရီ   ၂၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယရေးအဖွဲ့မှနှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့်မြို့သန့်ရှင်းသာယာလှပစရေးနှင့်ဖွံ့ဖြိုးတိုးတက်လာစေရေး၊မြို့တွင်းရပ်ကွက် များတွင်ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ (Box-Culvert)များ ပြုလုပ်ခြင်းအများ ပြည်သူသွားများလာမှု လွယ်ကူအဆင်ပြေစေရေး အတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာရှမ်းရွာသစ်မြို့အမှတ် (၂)ရပ်ကွက်၊ ခေတ်သစ္စာလမ်းအရှေ့ပိုင်း(Box- Culvert) ပြုလုပ် ခြင်းကိုမြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံး ငွေရင်းရန်ပုံငွေဖြင့် ဖေဖော်ဝါရီလပထမအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်

အဆိုပါလုပ်ငန်းသည်(၂၀ပေ×၃ပေ×၂ပေ)ရှိပြီး ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေကျပ် (၂၀၀၀၀၀၀/)သိန်းဖြင့် လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါကယခင်ကထက်လမ်းသွားလမ်းလာပိုမိုကောင်းမွန်လာပြီးသန့်ရှင်းသာယာလှပလာမည်ဖြစ်ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)