ကျွန်းလှ၌ ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပိုးသတ်ဆေး၊ မျိုးစေ့များ ပေးအပ်ပွဲကျင်းပ

ကျွန်းလှ ဖေဖော်ဝါရီ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်း ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပိုးသတ်ဆေး၊ မျိုးစေ့များ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ကျေးရွာသစ် လှုပ်ရှားမှု စီမံကိန်း ဆောင်ရွက်မှုနှင့် ပိုးသတ်ဆေး၊ မျိုးစေ့များ ထောက်ပံ့ပေးအပ်ရခြင်းအကြောင်း ရှင်းလင်းပြော ကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကျေးရွာသစ်လှုပ်ရှားမှု စီမံကိန်းရန်ပုံငွေကျပ် သိန်း ၃၀၀ အား လွှဲပြောင်းပေးအပ်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် တာဝန်ရှိသူ တို့က ဖောငမြောင်တောင်ပိုးသတ်ဆေး၊ မျိုးစေ့များပေးအပ်ရာ ကျေးရွာစီမံကိန်းကော်မတီဥက္ကဌ ဦးစိန်ထွန်းက‌ ကျေးဇူးတင်စကားပြောကြားသည်။

ကျွန်းလှမြို့နယ်၊ လွှတ်တိုက်ကျေးရွာအုပ်စု၊ မဒေါင်ကျေးရွာတွင် ကျေးရွာသစ်လှုပ်ရှားမှု စီမံ ကိန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှစတင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင်လည်း ကဏ္ဍကြီး (၃)ခုဖြင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာ နမှ သိရသည်။

မျိုးဝင်းညို(ကျွန်းလှ)