ပိုင်ကျုံ ဖေဖော်ဝါရီ ၂၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျောင်းအုပ်ကြီးများ လုပ်ငန်းများ ဆောင်ရွက်ရာတွင် တိကျမှန်ကန်ပြီး ထိရောက်မှုရှိစေရန် ရည်ရွယ်၍ ကျောင်းအုပ်ကြီးများ စီမံ ခန့်ခွဲမှုသင်တန်းဖွင့်ပွဲကို ပိုင်ကျုံအ.ထ.ကကျောင်းတွင် ယနေ့နံနက်(၉)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် လှိုင်းဘွဲမြို့နယ်မှ Mentorဒေါ်ချမ်းမြေ့မွန်က အမှာစကားပြောကြားပြီး ဒေါ်လန်း အ.ထ.ကကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်းတန်းတွင် စီမံခန့်ခွဲရေးဘာသာရပ်၊ ငွေစာရင်းထိန်းသိမ်းရေးဘာသာရပ်၊ ပညာရေးနှင့် သက်ဆိုင်သည့်ဘာသာရပ်များ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်း သူ/သားဦးရေ (၉၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
စောဂျိုးဇက်ဂျူး