ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၂၆
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပပြုလုပ်သည့် သက်ကြီး ရွယ် အိုများဆိုင်ရာဥပဒေအကြောင်းအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်း က ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ဆွေးနွေးပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာက သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေအကြောင်းကို တက်ရောက်လာကြသည့် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်ကြီးရွယ်အိုများ ဆိုင်ရာဥပဒေအကြောင်းကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ဆွေးနွေးပွဲ သို့ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်ငါးခုရှိ သက်ကြီးဘိုးဘွားများနှင့်၄င်းတို့၏ မိသားစု ဝင်များတက်ရောက်ခဲ့ကြကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)