ရှမ်းရွာသစ်မြို့တွင်အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးထားသည့် ပြည်သူများအားဒုတိယအကြိမ် ကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရှမ်းရွာသစ်  မတ်    ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင် ရှမ်းရွာသစ်မြို့၌ အသက်(၁၈)နှစ်နှင့်အထက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးပထမအကြိမ်ထိုးနှံထားသည့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်ကာမြို့အတွင်းရှိ အသက် (၁၈)နှစ် ပြည့်ပြီးသူများအား လူမျိုး ဘာသာမရွေးထိုးနှံပေးနေပြီဖြစ်ကြောင်း  ရှမ်းရွာသစ် မြို့ကျေးလက်ကျန်းမာရေးဦးစီးဌာန၊ သားဖွားဆရာမဒေါ်နန်းစုစုအောင် ထံမှသိရသည်။

ထိုသို့  ဆောင်ရွက် ပေးရာတွင် ကာကွယ်ဆေး  ထိုးနှံခြင်း မပြုမီကျန်းမာရေး ဝန်ထမ်းများက လာရောက်ထိုးနှံသည့်အသက်(၁၈)နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအစီအစဉ်တွင်ပါဝင်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေး ခြင်းများကိုဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေရှိမှသာ စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးပြီး၊ ထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့် အနားယူစေကာ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောက်ရွက် ပေးလျက်ရှိရာ၊ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့ အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိ‌ကြောင်း သိရှိရသည်

အေးအေးနွဲ့(ပြန်/ဆက်)