ပိုင်ကျုံမြို့‌တွင် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် CoviShield အကြိမ်ပြည့်ထိုးနှံရန် အသိပေးနှိုးဆော်

ပိုင်ကျုံ  မတ်  ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ပြည်သူများအား ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပိုင်ကျုံတိုက်နယ်ဆေးရုံ၌ ကာကွယ်ဆေး လာရောက်ထိုးနှံသည့် ပြည်သူများအား Hand Speaker ဖြင့် အသိ‌ပေး နှိုးဆော်ခဲ့သည်။

နှိုးဆော်ရာတွင် ပိုင်ကျုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူတို့က ပြည်သူများ နေအိမ်ပြင်ပသို့ ထွက် လာပါက နှာခေါင်းစည်း တပ်ဆင်ပြီး ထွက်ခွာရန်၊ တစ်ဦးနှင့်တစ်ဦး ၆ ပေအကွာမှ နေကြရန်၊ ပြင်ပဧည့်သည်များ လက်မခံရန်၊ မလိုလားအပ်ဘဲ ပြင်ပသို့ မထွက် ကြရန်၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောရန်၊ လေဝင်လေထွက်ကောင်းသော နေရာများတွင် နေထိုင်ရန်၊ ပြည်သူများအားလုံး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကို အကြိမ်ပြည့်ထိုးနှံကြရန်၊ သတ်မှတ်ထားသော နေရာများတွင် စနစ်တကျထိုးနှံနိုင်ရေး ဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် အကြောင်း သိကောင်းစရာများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ကြရန်စသည့် ကိုဗစ်-၁၉ရောဂါ အကြောင်း သိကောင်း စရာများကို အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

‌စောဂျိုးဇက်ဂျူး