မြဝတီမြို့၌ ၂ဝ၂၂ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျောင်းသား/သူ (၆၆၅)ဦး ဝင်ရောက် ဖြေဆိုမည်

မြဝတီ    မတ်လ  ၄

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ၂ဝ၂၂ခုနှစ်၊ မတ်လ(၃၁)ရက်တွင် ကျင်းပမည့် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲသို့ ကျောင်းသား/သူ(၆၆၅) ဦးဝင်ရောက်ဖြေဆိုရန် ဖြေဆို ခွင့် လျှောက်လွှာများ တင်သွင်း ထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ   သိရသည်။

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာနအဖြစ် အထက(၁)မြဝတီနှင့်အထက (သင်္ဃန်း ညီနောင်)တို့ဖြင့်   စာစစ်ဌာန ၂ ခုအဖြစ် ဖွင့်လှစ်ထားရှိမည် ဖြစ် ပြီး  ယခင်နှစ်များက စာစစ် ဌာန(၄) ခု ထားရှိခဲ့သော်လည်း ယခုနှစ်တွင် ကျောင်းသားဦးရေအရ စာစစ်ဌာန  ၂ ခုသာ ထား ရှိမည်ဖြစ် သည်။

မြဝတီမြို့နယ်အနေဖြင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျောင်းတွင်း ဝင်ရောက်ဖြေဆိုသူ (၃၅၁) ဦးနှင့် ပြင်ပဝင်ရောက်ဖြေဆိုသူ (၃၁၄)ဦး စုစုပေါင်း(၆၆၅) ဦးဝင်ရောက် ဖြေဆိုရန် လျှောက်လွှာများ တင်သွင်းထားကြောင်း သိရသည်။

မန်းသန်းရွှေမြင့်(ပြန်/ဆက်)