ကမာရွတ်မြို့နယ်တွင် Mobile ဈေးကားနှင့် သားငါးများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန်  မတ်  ၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၊ စျေးများဌာနနှင့် သန့်ရှင်းရေဌာနတို့မှ ဦးစီ၍ပြည်သူများ ဈေးနှုန်းသက်သာစွာ လွယ်လင့်တကူဝယ်ယူ စားသုံးနိုင်ရန်အတွက် ယနေ့ နံနက် (၇) နာရီအချိန်မှ စတင်၍ အမှတ်(၇)ရပ်ကွက်မြို့နယ် စည်ပင်သာယာ ရဲစခန်းဝင်းနှင့်အမှတ်(၄)ရပ်ကွက် သင်္ဘောကျင်းရှိ ဝန်ထမ်းအိမ်ရာ များတွင် တိရစ္ဆာန်ဆေး ကုသရေးနှင့် သားသတ်ရုံများဌာနမှကြက်သား၊ ဝက်သား၊အမဲသားးနှင့် ဆိတ်သားများ ကိုလည်ကောင်း၊ စျေးများဌာနမှရေထွက်ပစ္စည်းငါးနှင့် ပုဇွန်များကိုလည်ကောင်း၊ ပတ်ဝန်းကျင် သန့်ရှင်ရေး ဌာနမှ ကုန်စိမ်းနှင့်ကုန်ခြောက်အမျိုးမျိုးကို စျေးနှုန်းချိုသာစွာဖြင့်ချပေး လျက်ရှိရာ ကြက်တစ်ပိသာလျှင် (၅၀၀၀)ကျပ်၊ အမဲသားတစ်ပိသာ (၁၃၀၀၀) ကျပ်၊ ဝက်သားတစ်ပိသာ (၁၀၀၀၀)ကျပ်၊ ဆိတ်သားတစ်ပိသာ (၂၀၀၀၀)ကျပ်၊ ကြက်ဥ (၁၀) လုံးပါတစ်ကဒ် (၁၃၀၀)ကျပ်၊ ဆန်ချော (၅) ပြည်ပါ တစ်အိတ် (၈၅၀၀) ကျပ်၊ ဆန်ကြမ်း (၅) ပြည်ပါတစ်အိတ်(၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သားတစ်ဘူး(၁၈၅၀)ကျပ်ဖြင့် စျေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကြီးကြပ်ပြီး မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့များမှ ပူးပေါင်း၍ပြည်သူများ အဆင်ပြေဝယ်ယူနိုင်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။

စိမ်းလဲ့    (ပြန်/ဆက်)