မြောက်ဥက္ကလာပမြို့နယ် သော်တာဆွေစာကြည့်တိုက်တွင် ကလေးစာဖတ်ဝိုင်းနှင့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

မြောက်ဥက္ကလာပ   မတ်    

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြိုနယ်၊ (ဂ)ရပ်ကွက်၊ သော်တာဆွေ စာကြည့်တိုက်တွင် ကလေးစာဖတ်ဝိုင်းနှင့် စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို  ယမန်နေ့ နံနက် (၁၀)နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သော်တာဆွေစာကြည့်တိုက် အလုပ်အမှုဆောင်အဖွဲ့ နာယက ဦးသာသန (စာရေး ဆရာသန်းဖေသား)က နှုတ်ခွန်းဆက်စကားပြောကြားပြီး သော်တာဆွေစာကြည့် တိုက်အလုပ် အမှုဆောင်အဖွဲ့ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းရီက ကလေးစာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မကြည်ဖြူထွေးက ဆရာအောင်သင်းရေးသားသည့်"မျိုးဆက်သစ်တိုးတက်ရစ်ဖို့ " စာအုပ်၊ မဥမ္မာလွင်၊ မဆုမြတ်ဝါဆိုတိုက ရွှေသွေးဂျာနယ်ပါ ကဗျာများကို ရွတ်ဆိုခဲ့ပြီး သော်တာတွေစာကြည့်တိုက် အလုပ်အမှုဆောင်အဖွဲ့ ဒု-ဥက္ကဋ္ဌ ဒေါ်စန်းစန်းရီက အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စာရေးဆရာမ မြခြူးအိမ်မှ "အိမ်မက်လွန်နယ်မြေ" လုံးချင်းဝတ္တုရှည် စာအုပ် ရေးသားခဲ့သည့်အကြောင်းကို မိတ်ဆက်စကားပြောကြားခဲ့ပြီး အခမ်းအနားသို့ စာရေးဆရာ ဟိန်းလတ်၊ စာရေးဆရာအလင်းဆက်နှင့် စာရေးဆရာများ၊ စာပေချစ်သူများ  စုစုပေါင်း (၃၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်

မြမြဝင်း