သင်္ဃန်းကျွန်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက်မှု မရှိစေရန်နှင်လျော့ကျ စေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်(Covishield) ကာကွယ်ဆေးထိုးနှံပေးခြင်း များကိုကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံရာ တွင် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်နေရာများဖြစ်သော သုဝဏ္ဏ(၂၉)ရပ်ကွက်ရှိ ပုညကာရီ ဓမ္မာရုံနှင့်ကျိုက္ကစံ ဘုရား ဝန်းအတွင်းရှိ ဓမ္မဗိမာန်ဓမ္မာရုံ တို့တွင်စုစုပေါင်း ပြည်သူ(၂၅၇)ဦးတို့အားထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ခြင်းဖြစ် ပြီးကာကွယ်ဆေးထိုးနှံရာနေရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆေးထိုးလာသူများအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေး လျက်ရှိပြီး နေ့စဉ်နံနက် ၈ နာရီမှ ညနေ ၃ နာရီအချိန်အထိနေ့စဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
စန္ဒာမိုး