သင်္ဃန်းကျွန်းမြို့နယ်၌ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ကွင်းဆင်းဆောင်ရွက်

သင်္ဃန်းကျွန်း  မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်အတွင်းရှိဒေသခံပြည်သူများအား လူနေမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ် မရရှိသေးသည့် ပြည်သူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများအားရပ်ကွက်များအရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာယနေ့၊ နံနက် (၈)နာရီမှ ညနေ(၃)နာရီ အချိန်အထိစံပြရပ်ကွက် ဓမ္မာရုံ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့ဦးစီးမှူးရုံးမှ လဝကမှူး ဦးရဲထွန်း၊ ဒုလဝကမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများက တိုင်းရင်းသားတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူတိုင်း မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းများရရှိရေး အတွက်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ချိတ်ဆက်၍ ဦးစားပေးအလိုက် စနစ် တကျ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ ၃(က) ၂၀ဦး၊ ၆(က) ၃၅ ဦး စုစုပေါင်း (၅၅)ဦးအားဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်အတွင်းရှိ အိမ်ထောင်စုများမှ ကိုင်ဆောင်လက်မှတ် မရှိသူများအား နိုင်ငံ သားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေ စာရင်းများ ဆောင်ရွက် ပေးခြင်းတို့ကိုနေ့စဉ် အခမဲ့ပြုလုပ်ပေး လျက်ရှိပြီးမြို့နယ် လဝကဦးစီးမှူးရုံးတွင်လည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး