ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများဆက်လက်ထိုးနှံ

ကျောက်တန်း   မတ် ၅

ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  ကျောက်တန်းမြို့နယ်တွင်  အသက်(၁၈)နှစ်နှင့်  အထက် ပြည်သူ များနှင့်  အကြောင်းအမျိုးမျိုးကြောင့်  ကာကွယ်ဆေးမထိုးနှံရသေးသော ပြည်သူများအား ကျောက်တန်းမြို့နယ် ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံ၌  ယမန်နေ့နံနက် ၉  နာရီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပထမအကြိမ်ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင်   ကာကွယ်ဆေးထိုးနှံရန် လာ ရောက်ကြ သော  ပြည်သူများအား  ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  ကျန်းမာ ရေးဝန်ထမ်းများနှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊  ထိန်းချုပ်၊ ကုသရေးနှင့်  အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီအဖွဲ့ များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ Volunteer များက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊  သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊  သွေးအတွင်း အောက်ဆီဂျင် တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ယနေ့တွင် ပထမအကြိမ်ကျား(၄၀)ဦး၊မ(၃၇)ဦး စုစုပေါင်း(၇၇)ဦးအား CovidShield ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ မြို့နယ် (ပြန်/ဆက် )