ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်  ရောဂါ  ကြိုတင် ကာကွယ်ရေးနှာခေါင်းစည်(Mask)များအခမဲ့ဖြန့်ဝေ

ကွမ်းခြံကုန်း  မတ်     ၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် အိုမီ ခရွန် ရောဂါ ကြိုတင်ကာကွယ်ရေး နှာခေါင်းစည်း Mask ဖြန့်ဝေပေးခြင်းကို ယမန် နေ့နံနက်ပိုင်းကကွမ်းခြံကုန်းမြို့နယ်လူစည်ကာရာနေရာများဖြစ်သောမြို့မစျေး၊ဗိုလ်ချုပ်လမ်းမကြီးတလျှောက်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ဆောင်ရွက် ခဲ့ကြောင်းသိရသည်။     

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး ဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ ဝင်များ၊  ရပ်ကွက်အုပ်ချုပ်ရေးမှူများ ပူးပေါင်း၍ ခရီးသွားပြည်သူများ၊ဈေးရောင်း ဈေးဝယ်ပြည်သူများအား ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက်နေအိမ်ပြင်ပထွက်ခွာ သွားလာရာတွင် နှာခေါင်းစည်း Maskကို မဖြစ်မ‌နေ စနစ်တကျ တပ်ဆင်သွားလာရန် ကျန်းမာရေး ဝန်ကြီးဌာန၏ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များအား   လိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေး ပြောကြားခဲ့ ပြီး နှာခေါင်းစည်း ( Mask) တပ်ဆင်ခြင်း မရှိသူများအား နှာခေါင်းစည်း ( Mask)များ(အခမဲ့) ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

ဆွေနွယ်  IPRD