ဆိပ်ကြီးခနောင်တို မတ် ၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းလုံခြုံရေးနှင့် မြို့နယ်အတွင်း မောင်းနှင်သွားလာလျက်ရှိသည့်မော်တော်ကား၊ မော်တော် ဆိုင်ကယ်များ သတ်မှတ်စည်းကမ်းနှင့်အညီ မောင်းနှင်ရေး စစ်ဆေးခြင်းကို ယမန်နေ့နေ့လည် ၁ နာရီက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ခနောင်တိုအရှေ့ရပ်ကွက်၊ ဗဟိုလမ်းရှိ ကျောင်းခုံးတံတားအဆင်းတွင် မြို့နယ်ဌာန ဆိုင်ရာပူးပေါင်း အဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မင်း ထွန်း ဦးဆောင်၍မြို့နယ် ရဲတပ်ဖွဲ့ ဒု-ရဲမှူး နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီး ဌာန ဒုတိယဦးစီးမှူးနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီး ဌာနဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေး ဝန်ထမ်းများပါဝင်သည့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့မှ မောင်းနှင် သွားလာလျက်ရှိသည် ကား၊ ဆိုင်ကယ်များအား လုံခြုံရေးအရ ရပ်တန့်စစ်ဆေးရှာဖွေခြင်းအပြင်၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများအား ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူများအနေဖြင့် ခရီးသည်တစ်ဦးထက် ပိုမိုတင်ဆောင် မောင်းနှင်ခြင်း မပြုရေး၊ ဆိုင်ကယ်စီးရာတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ မြို့နယ်အတွင်း သတ်မှတ်အရှိန် နှုန်းဖြင့် သာမောင်းနှင်ရေး၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန် ပါရှိရေးနှင့် ယာဉ်အန္တရာယ် မဖြစ်စေရန် ဂရုစိုက်မောင်းနှင်ရေးတို့ကို စစ်ဆေး ပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
ဝေယံ(IPRD)