ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များအားငှားရမ်းပေးလျက်ရှိ

ကြာအင်းဆိပ်ကြီး မတ် ၅

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ မိဘပြည်သူများအား စာပေဗဟုသုတများ တိုးပွားလာစေရေး ကိုယ်တိုင်တွေးခေါ် စဉ်းစားဆုံးဖြတ်တတ်လာစေရေး အတွေးအခေါ်အမျှော်အမြင်များ တိုးပွားရရှိလာစေရေးနှင့် စာအုပ်စာစောင်များအား နေ့စဉ်ဖတ်ရှုလေ့လာ တတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရေးအတွက် ရည်ရွယ်ပြီး ရပ်ကွက်များအတွင်းသို့ ကွင်းဆင်း သွားရောက်ကာ မိုဘိုင်းစနစ်ဖြင့် အိမ်တိုင်ရာရောက် သုတ ရသ စာအုပ် စာစောင်များအား စနစ်တကျငှားရမ်းပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ၌ အပတ်စဉ်ရုံးဖွင့်ရက်နေ့များတွင် မြို့ပေါ်ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်းသွားရောက်ပြီး မိဘပြည်သူများအား မိုဘိုင်းစနစ်ဖြင့် စာအုပ် စာစောင်များအားငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က အဆိုပါဦးစီးဌာနမှ ဝန်ထမ်းများက အမှတ်(၆)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းသွား‌ရောက်ပြီး ရပ်ကွက်အတွင်းရှိ စာဖတ် စာငှားပြည်သူများအား  သုတရသ ကာတွန်းရုပ်ပြများနှင့် ၎င်း သို့ဖတ်ရှုလိုသည့် စာအုပ် စာစောင်များကို မိုဘိုင်းစနစ်ဖြင့် စနစ်တကျငှားရမ်းပေးခဲ့ကြောင်းသိရသည်။

မျိုးမင်းဦး