မင်းပြား မတ် ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံစံပြကွက်ကွင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက နရမ်းကျေးရွာအုပ်စုရှိ ရန်ကုန်-စစ်တွေ ကားလမ်း မကြီးဘေး၊ နရမ်းကျေးရွာနှင့် နော်နော်ကျေးရွာကြား ဆောင်းသီးနှံ နေကြာကွင်း၌ ကျင်းပပြု လုပ်သည်။
မင်းပြားမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ (၂၀၂၁-၂၀၂၂)ခုနှစ် ဆောင်းသီးနှံ နေကြာကွင်း သရုပ်ပြပွဲ သို့ မင်းပြားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးနှင့် အဖွဲ့ဝင်များ၊ မင်းပြားမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ နရမ်းကျေးရွာ၊ နော်နာကျေးရွာ၊ သဲတန်းကျေးရွာ၊ ပြားချောင်းကျေးရွာ၊ ခေါင်း လောင်းရွာသစ်ကျေးရွာ၊ ခေါင်းလောင်းရွာဟောင်းကျေးရွာများမှ တောင်သူများက အောင်မြင် ဖြစ်ထွန်းနေ သည့် ဆောင်းသီးနှံနေကြာကွင်းအား လာရောက်ကြည့်ရှုလေ့လာကြသည်။
ရှေ့ဦးစွာ မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက အဖွင့်အမှာစကား ပြောကြား သည်။ ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်နိုင်ဝင်းက မင်းပြားမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးနိုင်မှုအခြေအနေနှင့် ဆီထွက်သီးနှံများအောင်မြင်ဖြစ်ထွန်းမှု အခြေအနေ များအား ရှင်းလင်းပြောကြားပြီး ဆီထွက်သီးနှံနေကြာ (၅)ဧက မျိုးစေ့ထုတ်စိုက်ခင်း စိုက်ပျိုးပုံ အဆင့်ဆင့်အား ရှင်းလင်းပြောကြားသည်။
မင်းပြားမြို့နယ်တွင် ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်၊ ဆီမုန်ညှင်း၊ မြေပဲ၊ ငရုတ်၊ နေကြာ၊ ကြက်သွန်ကို အဓိကအားထားစိုက်ပျိုးကြကြောင်း သိရသည်။
သိန်းနုအောင်