နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတွင် သဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ပြသ   

   နတ်မောက်    မတ်   ၅

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် သဘာဝမြေဆွေးများ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။                     

ထိုသို့ သဘာဝမြေဆွေးများလက်တွေ့ပြုလုပ်ပြသခြင်းဖြင့် တောင်သူများမိမိယာခင်းများတွင် ဓာတ် မြေဩဇာ လျှော့ချ၍ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရန်၊ သဘာဝမြေဩဇာတိုးချဲ့ အသုံးပြုလာစေ ရန်၊ မြေဩဇာဘိုး ကုန်ကျမှုသက်သာစေရန်၊ တောင်သူများလက်တွေ့ လိုက်ပါပြုလုပ်လာစေရန် ယခုလိုတောင်သူအသိပညာပေး လက်တွေ့ပြုလုပ်ပြသရတာဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေး ဦးစီး ဌာနမှ ဦးစီးအရာရှိဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

သင်းသင်းမြတ်