ကသာပညာရေးဒီဂရီကောလိပ်၌ PPTT (၇/၂၀) သင်တန်းသား/သူများအား သင်တန်းပြီးမြောက်ကြောင်းလက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ်

ကသာ မတ် ၅

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာပညာရေး ဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ်ပညာသင်တန်း PPTT (၇/၂၀) သင်တန်းသား/သူများ၏ သင်တန်းပြီးမြောက်ကြောင်း လက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်က သင်တန်းဆင်းအမှာစကားများ ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်၊ ကသာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ဒုတိယကျောင်းအုပ်ကြီးတို့က သင်တန်းသား/သူ များ၏ သင်တန်းပြီးမြောက်ကြောင်းလက်မှတ်နှင့် အလုပ်ခန့်အပ်လွှာများကို အသီးသီးပေးအပ်ခဲ့ သည်။ ဆက်လက်၍ သင်တန်းသား/သူများက အခမ်းအနားတက်ရောက်လာသူများအား အကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သင်တန်း သား/သူများအတွက် ထောက်ပံ့ပေးအပ်ခဲ့သည့် ထောက်ပံ့ငွေများကို သင်တန်းသား/သူများအား ပေးအပ်ခဲ့ကြောင်း၊ အဆိုပါသင်တန်းကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့ မှ ၂၀၂၂ ခုနှစ်၊ မတ်လ(၄)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသား/သူပေါင်း(၂၈)ဦး တက်ရောက်ပညာသင်ယူခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)