ရှမ်းရွာသစ်မြို့တွင် ကာကွယ်ဆေးထိုးရန်ကျန်ရှိသော ဒေသနေပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေးများကွင်းဆင်းထိုးနှံပေး

ရှမ်းရွာသစ်  မတ်  

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျှော့နည်း စေရန်ရည်ရွယ်၍  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ဒုတိယအကြိမ်ကျေးရွာများ အရောက်ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်

ရှမ်းရွာသစ်မြို့အတွင်းရှိ သံဃာတော်များ၊ အသက်(၁၈)နှစ်အထက် ဒေသနေပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့်ကာ ကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊စေတနာ့ဝန် ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေးအစီအစဉ်ဖြင့်ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးသောရပ်ဝေးမှ ပြည်သူများအားယမန်နေ့နံနက်ပိုင်း တွင် ရှမ်းရွာသစ်မြို့၊ ကွီးလေးကျေးရွာတွင်ကွင်းဆင်းထိုးနှံပေးလျက်ရှိကြောင်း သိရသည်

ထို့သို့ကွင်းဆင်းဆောင်ရွက်ရာ တွင်ရှမ်းရွာသစ်မြို့ကျေးလက် ကျန်းမာရေးဦးစီးဌာနမှသားဖွား ဆရာမ  ဒေါ်နန်းစုစုအောင်   ဦးဆောင်ပြီး ကျန်းမာရေးဝန်ထမ်းများ၊  စေတနာ့ ဝန်ထမ်းများမှ ကာကွယ်ဆေးလာရောက်ထိုးနှံသူများအားကိုယ်အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်းတိုင်းတာပေးခြင်း၊သွေးတွင်းအောက်ဆီ ဂျင်ပါဝင်မှုပမာဏတိုင်းတာပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများတို့က ကာကွယ်ဆေးထိုးနှံရာတွင်အဆင်ပြေလွယ်ကူစေရန်အတွက်  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်ရှိနေသော ကျေးရွာများအား ကာကွယ်ဆေးများဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရ သည်

အေးအေးနွဲ့(ပြန်/ဆက်)