ရှမ်းရွာသစ်မြို့တွင်ကိုယ်ဝန်ဆောင်မိခင်နှင့်အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများလက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ်  မတ်   ၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ပထမသုံးလ ပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့်၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့က ကွီးလေးကျေးရွာအုပ်စုတွင် တာဝန်ရှိသူတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရ သည်။

အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းအောင်နှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများတို့က ထောက်ပံ့ငွေ ပေးအပ်ရခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး နောက်ကွီးလေးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးငယ် စုစုပေါင်း(၁၅၄)ဦး တို့အတွက် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ) ပထမသုံးလပတ်အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် (၆၂၇၀၀၀၀/-)ကို လက်ဝယ်ရောက်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)