လှိုင်းဘွဲ မတ်လ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သမ္ဘာန်ကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သွားလာရေးအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းကို ရာနှုန်းပြည့် ပြီးစီးပြီး ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပထမ(၆)လပတ်၊ ပြည်ထောင်စုရန်ပုံငွေ (၇၅.၆၅၁)ကျပ်သန်း ဖြင့် လမ်းအရှည်(၆.၃၆)ဖာလုံ၊ အကျယ်(၁၂)ပေ၊ အထူ(၂)ပေ(၉)လက်မဖြင့် ကျေးလက်ကုန်ထုတ် လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းနှင့် အဆိုပါလမ်းမပေါ်တွင် ကွန်ကရစ်ရေပွန်(၅)စင်း တည်ဆောက်ခြင်းတို့အား သပြေရိပ်ကုမ္မဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်၍ ကျေးလက် နေပြည်သူများအနေဖြင့် စိုက်ပျိုးရေး ထွက်ကုန်များကို လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ် သဖြင့် လူမှုရေး၊စီးပွားရေး ကဏ္ဍများအတွက်များစွာ အကျိုးပြုမည်ဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)