ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပြီးစီးနေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပိုင်ကျုံ မတ်  ၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေးအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပိုင်ကျုံမြို့ ကွီးကျယ်-ထီးပရီး-မဲပရခီးကျေးရွာချင်းဆက်  မြေသားလမ်း‌ ဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးနေမှု အခြေအနေအား သက်ဆိုင်ရာ တာဝန်ရှိသူများ အဖွဲ့မှ ယမန်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၁၁၅.၂၈၀)သန်းဖြင့် အရှည် (၃)မိုင်ရှိ မြေသားလမ်းဖောက်လုပ်ခြင်း လုပ်ငန်းပြီးစီးမှုအား သက်မှတ်စံချိန်၊ စံညွှန်းနှင့် အရည်အသွေး ပြည့်မှီရန် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။ ဆက်လက်ပြီး မဲသပုံ-ကွီးကျယ်-ထီးပရီး-မဲပရခီး ကျေးရွာချင်းဆက် လမ်းပေါ်ရှိ Box Culvertလေးစင်းနှင့် တံတားနှစ်စင်းတည်ဆောက် ပြီးစီးနေမှုအခြေအနေများကိုလည်း လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရ သည်။

အဆိုပါ လမ်းများ၊ တံတားများ ဆောင်ရွက်ပေးနိုင်မှုကြောင့် သက်ဆိုင်ရာကျေးရွာ နေပြည်သူများ၏ သွားလာရေးအပြင် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအတွက်ပါ များစွာ အကျိုးပြုလျက် ရှိကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး