လှိုင်းဘွဲ မတ်လ ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ကြာအင်းကျေးရွာတွင် တည်ထားကိုးကွယ် တော်မှု သော နောင်တော်ကြီးစေတီ ထီးတော်တင်ပွဲနှင့်ပြည်သာလင်း အေး စေတီတော်မြတ်ကြီး ဌာပနာပိတ်ပွဲ အလှူတော်မင်္ဂလာအထိမ်းအမှတ် ဓမ္မပူဇာသဘင် ညတရားပွဲကို မတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ အဆိုပါ ကြာအင်းကျေးရွာ ပြည်သာလင်းအေး စေတီတော်မြတ်ကြီး ရင်ပြင်တော် ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဓမ္မပူဇာသဘင် ညတရားပွဲကို လှိုင်းဘွဲမြို့နယ် မဲဆမိတ်ကျောင်းဆရာတော် အရှင်စန္ဒရ၊ မရမ်းအူကွင်းကျောင်းတိုက်၊ ဒေါနမြေဆရာတော်(ဓမ္မစရိယ၊ ဓမ္မကထိက) အရှင်ဝိမလဝံသ၊ ဓမ္မညီနောင် ဆရာတော် အရှင်စန္ဒနဉာဏိက၊ ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တ ဉာဏိကနှင့် လှိုင်းဘွဲမြို့ မြို့မကျောင်းကြီး အရှင် ခေမိဿရာ လင်္ကာရ( သာသနဓဇ ဓမ္မစရိယ ဝိနယဝိဒူ၊ သာသနာ လင်္ကာရ သာမဏေကျော်၊ MA(Buddhism)(သီရိလင်္ကာ)၊ MA(Philosophy) (အိန္ဒိယ)တို့က မတ်လ(၁၂)ရက်နေ့မှ (၁၆)ရက်နေ့အထိ ညစဉ်(၇)နာရီတွင် ဓမ္မတရားတော်များကို ချီးမြှင့်ဟောကြားသွားမည်ဖြစ်ပြီး တရားနာ မိဘပြည်သူများ အနေဖြင့် မည်သူမဆိုလာရောက် တရားနာနိုင်ပါကြောင်း ပွဲတော်ကျင်းပရေး ကော်မတီများထံမှ သိရှိရသည်။
စောဒိ(ပြန်/ဆက်)