ဘားအံ မတ် ၇
၂၀၂၂ ခုနှစ်၊ မတ်လ(၃၀)ရက်နေ့မှ ဧပြီလ (၉)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် တက္ကသိုလ်ဝင် စာမေးပွဲကို ကရင်ပြည်နယ်မှ ကျောင်းသား/သူ စုစုပေါင်း (၅၉၀၃)ဦး ဖြေဆိုခွင့် လျှောက်လွှာများ တင်သွင်းထားရာ ဘားအံမြို့နယ်မှ (၂၀၄၉)ဦး၊ လှိုင်းဘွဲမြို့နယ်မှ (၈၈၇)ဦး၊ သံတောင်ကြီးမြို့နယ်မှ (၂၀၀) ဦး၊ ဖာပွန်မြို့နယ်မှ (၂၄၂)ဦး၊ ကော့ကရိတ်မြို့နယ်မှ (၁၁၂၀)ဦး၊ ကြာအင်းဆိပ်ကြီး မြို့နယ်မှ (၇၄၀)ဦး၊ မြဝတီမြို့နယ်မှ (၆၆၅)ဦး ဖြစ်ကြောင်း သိရှိရသည်။
ကရင်ပြည်နယ်တွင် စာစစ်ဌာန (၂၈)ခု ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ အတွဲ(၁)ဖြေဆိုရန် (၄၀၃၂)ဦး၊ အတွဲ(၂) ဖြေဆိုရန် (၈၇၅)ဦး၊ အတွဲ(၅)ဖြေဆိုရန် (၁)ဦး၊ အတွဲ(၇) ဖြေဆိုရန် (၉၇၆)ဦး၊ အတွဲ(၈) ဖြေဆိုရန် (၁၉)ဦး ရှိကြောင်း၊ ကျောင်းတွင်းဖြေဆိုမည့်သူ (၄၅၁၄)ဦး၊ ပြင်ပ ဖြေဆိုမည့်သူ (၁၃၈၉) ဦး ဖြေဆိုခွင့် လျှောက်လွှာ တင်ထားကြောင်း ကရင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)