သံတောင်ကြီး မတ် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ပထမ သုံးလပတ်အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွား လာသောအသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန် သံတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ခြင်းနှင့်ပတ်သက်၍ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ဦးစီး အရာရှိ ဒေါ်ခင်ခင်ထွန်းက ရှင်းလင်းပြောကြားပြီး သံတာင်မြို့ ရပ်ကွက်(၄)ရပ်ကွက်အတွက် ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းတို့မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးငယ်(၂၁၁)ဦးတို့အတွက် ပထမသုံး လပတ် (အောက်တိုဘာ၊နိုဝင်ဘာ၊ဒီဇင်ဘာ)လများ၏ ထောက်ပံ့ ငွေကျပ်(၈၆၈၅၀၀၀/-) ကို မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနဦးစီးအရာရှိ ဒေါ်ခင်ခင်ထွန်းမှ သံတောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးနေလင်းအောင် ထံပေးအပ်ခဲ့ပြီး မြို့အုပ်ချုပ်ရေးမှူးဦးနေလင်းအောင်မှ သက်ဆိုင်ရာအကျိုးခံစား ခွင့်ရှိသူများထံ ပြန်လည်ပေးအပ်သွား မည် ဖြစ်ကြောင်းသိရသည်။
နော်နော်မူ