လှိုင်းဘွဲ မတ် ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကြာအင်းကျေးရွာတွင် ပြည်သာလင်းအေး စေတီတော်ကြီး ဌာပနာပိတ်ပွဲနှင့်နောင်တော်ကြီး စေတီတော်မြတ်အား ထီးတော်တင်ပွဲ အလှူတော်မင်္ဂလာ အထိမ်းအမှတ် အဖြစ် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ ပြည်သာလင်းအေး စေတီတော်ကြီး ဌာပနာပိတ်ပွဲနှင့်နောင်တော်ကြီး စေတီတော်မြတ်အား ထီးတော်တင်ပွဲ အလှူတော်မင်္ဂလာ အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲကို လှိုင်းဘွဲ မြို့နယ် အတွင်းရှိ ကျေးရွာများမှ အမျိုးသားဘောလုံးအသင်း(၃၂)သင်း၊ အမျိုးသမီးဘောလုံး အသင်း(၈) သင်း စုစုပေါင်း အသင်း(၄၀)သင်းဖြင့် ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှ စတင်ကျင်းပရာ ရှုံးထွက်အဆင့်သို့ အမျိုးသား ဘောလုံးအသင်း(၁၆)သင်းနှင့် အမျိုးသမီးဘောလုံး အသင်း(၄)တို့အား ဆက်လက်ယှဉ်ပြိုင် ကစား သွားမည်ဖြစ်ပြီး ဘောလုံးပြိုင်ပွဲကို မတ်လ(၁၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)