ဘောဂလိမြို့၌ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင် ပြသ

ဘောဂလိ  မတ်  ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ဆိုးကျိုးများအကြောင်း အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့နံနက်ပိုင်းမှစ၍ ပြသထားရှိထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်ပြဘုတ်တွင် ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်ပွခြင်း၊ နှလုံးကြွက်သားများ ပုတ်ခြင်း၊ ပျက်စီးခြင်း၊ သွေးကြောများပိတ်၍ ခြေထောက်များ ပုတ်ဆွေးနာဖြစ်ခြင်း၊ သန္ဓေသား ထိခိုက်စေခြင်း၊ သွား၊ ခံတွင်းရောဂါများဖြစ်ခြင်း၊ လည်ချောင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် လေဖြတ်ခြင်းများ အကြောင်းအရာ ကို စုံလင်စွာပြသထားရာ လမ်းသွားလမ်းလာ ပြည်သူများ စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

စောဂျိုးဇက်ဂျူး