လှိုင်းဘွဲ မတ်လ ၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ(၁)နာရီအချိန်က လှိုင်းဘွဲမြို့ အထက(ခွဲ)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ(တာဝန်ပေး) ဦးစောသော်တာလင်းသန့်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိငယ်စဉ်အတွင် ပညာရေးကို မဖြစ်မနေ ကြိုးစားသင်ယူရမည်ဖြစ်ပြီး ပညာရေးသည် အနာဂတ်အတွက် ဖန်တီးရန် ကောင်းမွန်သော ပညာရပ်တစ်ခုဖြစ်ပါ ကြောင်း၊ ပညာရှိ၊ပညာတတ်ဖြစ်လာပြီး မိမိတိုင်းပြည်၊ မိမိနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အတူ မိမိအနာဂတ် ကောင်းမွန် စွာ ဖန်တီးနိုင်ရေးအတွက် မူးယစ်ဆေးဝါးများကို မသုံးစွဲမိဖို့ ရှောင်ရှားရမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအကြောင်း သိကောင်းစရာများနှင့်ပတ်သက်၍ ကျောင်းသား၊ ကျောင်းသူ များအား အသိပညာပေး ဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးဆိုသည်မှာ အဘယ်နည်း၊ မူးယစ် ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ အရေးယူ ဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ မူးယစ် ဆေးဝါးကြောင့် ဘဝပျက်ဆီးသူများ စသည့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)