သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး Mask campaing အရှိန်အဟုန်မြှင့် ဆောင်ရွက်

သုံးခွ  မတ် ၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြိုနယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်တီနှင့် ဌာနဆိုင်ရာများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် လမ်းသွားလမ်းလာများ ပြည်သူများ၊ ယာဉ်မောင်နှင်သူများ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန့်ချက်များ နှင့်အညီ နှာခေါင်စည်းတပ်ဆင်ရေး Mask Campain ပြုလုပ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အမှတ် ၁၁ ရပ်ကွက်မြို့မဈေး အနီးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ရန်နှင့် နှာခေါင်းစည်း Mask ကို အပြင်ထွက်တိုင်းတပ်ဆင် သွားလာစေရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ခရီးသွား ပြည်သူများ၊ ယာဉ်မောင်းနှင်သူများအား နှာခေါင်းစည်း (Mask) နှင့် မျက်နှာ အကာအကွယ် (Face Shield) များ တပ်ဆင်စေရေး၊ စျေးရောင်းချသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ စျေးဝယ်သူများ လိုက်နာရမည့် စည်းကမ်းချက်များအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ အတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များ နှင့်အညီ လိုက်နာဆောင်ရွက်စေရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ခရီးသွားပြည်သူများနှင့် ဈေးရောင်း၊ ဈေး၀ယ်ပြည်သူများအား Mask များ (အခမဲ့)ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

Mask Campain ပြုလုပ်ရာတွင်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၀င်များ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ၀န်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဌာနမှ ကျန်းမာရေးဆရာ၊ ဆရာမများ မြို့နယ်ရဲတပ်ဖွဲ့၀င်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ ဌာနဆိုင်ရာများပူးပေါင်း၍ mask campaign ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်