ဆောမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးများ ပေးအပ်

ဆော မတ် ၁၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၄၅၉)ဦးအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ (၃)လ အတွက် ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းများကို (၃)လတစ်ကြိမ် ပေးအပ်လျက်ရှိရာ (ဇန်နဝါရီ၊ဖေဖော်ဝါရီ၊မတ်)လများအတွက် ဆောမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု (၆၈) အုပ်စုမှ အသက် (၈၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွား (၄၅၉)ဦးအား တစ်ဦးလျှင် (၃၀,၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၃,၇၇၀,၀၀၀)ကျပ်ကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တစ်ဆင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ တာဝန်ကျ စာရေးများမှ အသက်(၈၅) နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများထံ အိမ်တိုင်ရာရောက် သွားရောက် ပေးအပ် လျက်ရှိကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)