ကမမောင်း မတ်လ ၉
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ဗီဇပြောင်းမျိုးကွဲ“အိုမီခရွန် ”ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်းများကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိ လိုက်နာ ကြစေရန်အတွက် အသိပညာပေးနှိုးဆော်မှု လုပ်ငန်းကို နေ့စဉ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အရှိန်အဟုန်မပြတ်နေ့စဉ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ နှိုးဆော်ရာတွင် လက်ရှိအခြေအနေ၌ ကိုဗစ်-၁၉ဗီဇပြောင်း”အိုမီခရွန်”ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ်ရောဂါ ဖြစ် သည့်အတွက် ကြိုတင်ကာကွယ်နိုင်ရန် မိဘပြည်သူများအနေဖြင့် အတတ် နိုင် ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ပြင်ပမှဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက် မလည် ပတ်ကြရန်၊ အရေးကြီးကိစ္စနှင့်အပြင်ထွက်ပါက လူတိုင်း Mask ကိုစနစ်တကျ တပ်ဆင်ရန်၊လူစုလူဝေးရှိသော နေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏ ဆေးရန်၊ လက်မဆေးဘဲပါးစပ်၊နှာခေါင်း၊မျက်စိတို့ကိုပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေဝင်လေထွက်ကောင်းသေအခန်း၌သာနေထိုင်ရန်၊ ရောဂါကူးစပ်ခံရပါကနီးစပ်ရာကျန်းမာရေးဌာနသို့ဆက်သွယ်၍ မပျက် မကွက်ဆေးကုသမှုခံယူရန် စသည့်လိုက်နာရမည့် အချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို ပြည်သူများအားကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ကမမောင်း(ပြန်/ဆက်)